တောင်တွင်းကြီး ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်မာမာအေးက တောင်တွင်းကြီးမြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ကုန်ခန့်မှန်းခြေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍစသည့် ကဏ္ဍကြီး ၅ ခုမှကိုယ်စားပြုသူများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)