အမြို့မြို့အနယ်နယ်သတင်းများ

သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသူများအား အာဟာရဒါနလှူဒါန်း

သန်လျင်ခရိုင် သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

တနိုင်းမြို့ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တနိုင်းမြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ထုတ်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို မေ ၂ ရက်က ကွင်းဆင်းဆောင်ရွက်သည်။

ရေဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များ အား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဆရာမ များက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို မေ ၂ ရက်နှင့်  ၃ ရက်က ဆောင်ရွက်ကြောင်း သိရသည်။

နှစ်(၈ဝ)ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို  အထိမ်းအမှတ် မီးသတ်တပ်ဖွဲ့ဝင်နှင့်မိသားစုများ စု‌ပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်၌နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေ ၃ ရက် နံနက် ၇ နာရီက ရမည်းသင်းမြို့နယ်‌ အောင်မင်္ဂလာရပ်ကွက်ရှိ‌ အောင်မင်္ဂလာအ‌နောက် ဘုန်ကြီး‌ကျောင်းဝန်း အတွင်း စု‌ပေါင်းသန်ရှင်း‌ရေးဆောင်ရွက်ခြင်းနှင့်  ရမည်းသင်းခရိုင်ပြည်သူဆေးရုံတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့်မိသာစုဝင်များစုပေါင်သွေးလှူဒါန်းခဲ့ကြသည်၊၊

ကရင်ပြည်နယ်ဝန်ကြီးချုပ်  နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေး

မေလ(၅)ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေး လှူဒါန်းပွဲကို မေ ၂ ရက် နံနက်ပိုင်းက ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၊ ရောဂါဗေဒဌာန၊သွေးလှူဘဏ်၌ ကျင်းပသည်။

မြစ်သားမြို့နယ်၌ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ၈၅၇၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၈၅၇၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့၌ မေ ၄ ရက် နံနက် ၈ နာရီက ရောင်းချပေးကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မြသိန်းတန်ဘုရားရေသပ္ပာယ်

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်ကွက်ရှိ မြသိန်းတန်မြတ်စွာဘုရားတွင် ဘုရားစေတီများအား ရေသပ္ပာယ် ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေ ၃ ရက်က အဆိုပါစေတီ ရင်ပြင်တော်တွင် ကျင်းပသည်။

မြစ်သားမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေး 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေအောင်စိုး ဦးဆောင်၍  ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ်  ၆ ရပ် ကွက်ရှိကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ် ခွဲအောက်ကလေးငယ်များအား မေ ၄ ရက် နံနက် ၉နာရီအချိန်ကစတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်း မာရေးဌာနရုံးခန်းတွင် ဆောင်ရွက်သည်။

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝံသပါလမိဘမဲ့ဂေဟာသို့ စုပေါင်းလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခင်ဆင့် ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသူရလင်း၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက  နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမည်းသင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ဝံသပါလမိဘမဲ့ ဘုန်းတော်ကြီးကျောင်းတွင် ဆန်/ဆီ/ဆား/ဆေး လှူဘွယ်ပစ္စည်းများ၊ နေ့ဆွမ်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ