အမြို့မြို့အနယ်နယ်သတင်းများ

အိမ်မဲမြို့နယ်တွင် စုပေါင်းပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ၏ စုပေါင်းပဒေသာပင်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၅ နာရီက ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံးဝန်ထမ်းများလုပ်ငန်းခွင် မွမ်းမံသင်တန်းအမှတ်စဥ် (၂/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်ရှိ ရေကြည်တော် ဝတ်အသင်းတန်ဆောင်း၌ ကျင်းပခဲ့သည်။

ဒဂုံမြောက်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီးအဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ အသိပညာပေး ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ဗီယက်နမ်နိုင်ငံ၌ သွန်းလောင်းထုလုပ်ပူဇော်အပ်သော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ပင့်ဆောင်ပူဇော်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀) ရပ်ကွက်၊ ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ(ဗီယက်နမ်)ကျောင်းတိုက်သို့ ဗီယက်နမ်-မြန်မာ သာသနာပြုလုပ်ငန်းစဉ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ်ပူဇော်အပ်သော ဉာဏ်တော် အမြင့် ၁၉ ပေ၊ အလေးချိန် ၈ တန်ရှိ ထိုင်တော်မူကြေးသွန်းဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများ ထည့်သွင်းထားသည့် ပေ ၄၀ ကုန်သေတ္တာတစ်လုံးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ထုတ်ယူပင့်ဆောင်ခဲ့ရာ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်မှ ဆရာတော် သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်ကြီးအား ဖူးမြော်ခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်တွင်  ဆန္ဒမဲပေးစက်အသုံးပြုနည်းကို ပြည်သူများအသိပညာပေးသရုပ်ပြ

ဝမ်းတွင်းမြို့နယ်တွင် ဆန္ဒမဲပေးစက်အသုံးပြုနည်းကို ပြည်သူများအသိပညာပေးသရုပ်ပြမှု့ကို ယမန်နေ့နံနက်က ဒိုင်ကောင်းကုန်းကျေးရွာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှု့ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက မဲပေးစက်နှင့်ဆန္ဒမဲပေးနည်းစနစ်များရှင်းလင်ပြီး တက်‌ရောက်လာသူများအား လက်တွေ့မဲပေးစကအသုံးပြု၍ မဲပေးစေခဲ့သည်။

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၂၆)နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားကျင်းပ

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ  ဗုဒ္ဓမြတ်စွယ်တော်  (၁၂၆)နှစ်ပြည့် ဖွင့်လှစ်အပူဇော်ခံပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက စေတီတော်ရင်ပြင်ကျားပျံဓမ္မာရုံ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ကုသိုလ်ကောင်းမှုများ ပြုလုပ်သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်ပြိုင်ပွဲ ပဉ္စမနေ့ ဆက်လက်ယှဉ်ပြိုင်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် နေ့လွှတ်အရုပ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင် လွှတ်တင် လျက်ရှိသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် သီးနှံဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးနှင့် သီးနှံဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၂)မျိုး သင်တန်းဆင်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်း (၂)မျိုး သင်တန်းဆင်းပွဲအခမ်းအနား ကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၁ နာရီက ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပရာ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဖွံ့ဖြိုးတိုးတက်စေရန် အဖက်ဖက်မှစီမံချက်များချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး ခရီးစဉ်ဒေသသစ်ဖော်ထုတ်ပေးခြင်းနှင့်ရှိနှင့်ပြီးသားခရီးစဉ်ဒေသများကိုလည်း ရေရှည်တည်တံခိုင်မြဲ စေရေးလိုအပ်ချက်များကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၂)မျိုး၏ အခြေခံဝန်ဆောင်မှု သင်တန်းများမှ ရရှိခဲ့သည့် သင်ခန်းစာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို လေ့လာသင်ယူခဲ့သော သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းခွင်တွင်အကျိုးရှိရှိပြန်လည်အသုံးချပြီး ပြည်နယ်၏ဂုဏ်ကိုတိုးတက်စေမည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှု အရည်အသွေးကောင်းများပေးစွမ်းနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ၂၀၂၅ခုနှစ် တန်ဆောင်တိုင် MSMEs ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် တန်ဆောင်တိုင် MSMEs ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့်ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊  MSMEs လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ စစ်ဘက်နယ်ဘက်မှတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ