ရသစာစဥ် စာအုပ်ထုတ်ဝေခြင်း လေးနှစ်ပြည့် အခမ်းအနားကျင်းပ

ရန်ကုန် မေ ၅

ရသစာစဥ် စာအုပ်ထုတ်ဝေခြင်း လေးနှစ်ပြည့်အထိမ်းအမှတ် စာရေးဆရာများ တွေ့ဆုံပွဲကို မေ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရသစာစဉ်အဖွဲ့နာယက ဆရာမှော်ဝန်းကြည်မြတ်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ သန်လျင် မောင်မောင်ဦး၊ ရသစာစဉ်အဖွဲ့နာယက ဆရာမကြီးလေးခင် (တော်ဝင်ပန်း) တို့က အသီးသီးအမှာစကားများ ပြောကြားကြသည်။

ယင်းနောက် စာရေးဆရာ ကဗျာဆရာ အောင်ရာဇာ၊ စာရေးဆရာ ကဗျာဆရာ အောင်ဇင်မင်း၊ စာရေးဆရာ ကဗျာဆရာ မောင်သွေးသစ်၊ ရွှေမင်းသားဖောင်ဒေးရှင်း ဖောင်ဒါ ဆရာမြတ်သူဝင်း၊ ရသစာစဉ် တာဝန်ခံအယ်ဒီတာ ဆရာမဝင်နီ၊ စာရေးဆရာမကြီး ညွန့်ညွန့် (ကလော)၊ ရသစာစဉ် အယ်ဒီတာဆရာ ကျော်ခင်ဝင်း (မင်္ဂလာဒုံ)၊ စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာ ဆောင်းဝင်းလတ်တို့က အသီးသီးမုဒိတာစကားပြောကြားကြသည်။

ထို့နောက် ရသစာစဉ်၏ စာတည်းမှူးချုပ် ဆရာမြင့်မြတ်အောင်မြင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)