ကျိုင်းတုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၁၁) သင်တန်းဖွင့်

ကျိုင်းတုံ မေ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကျိုင်းတုံ) ၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲကို မေလ ၄ ရက်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။        

အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှုး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအတွက် ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း (ကျိုင်းတုံ) မှ ကျောင်းအုပ် ဒေါ်နန်းယုန်းက အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်  မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယတိုင်းမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းသို့ ကျိုင်းတုံဒေသမှ သင်တန်းသူ (၃၀) ဦး တက်ရောက်ပြီး မေလ ၄ ရက်မှ အောက်တိုဘာလ ၂ ရက်အထိ  ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)