လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

လှိုင်းဘွဲ မေ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ကဏ္ဍအလိုက်စီမံကိန်းများကို ရည်မှန်းချက်ပြည့်မီအောင် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒေသန္တရစီမံကိန်း ဥပဒေပြဌာန်းချက်များကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်စန္ဒာအောင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က လှိုင်းဘွဲမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ နိုင်ငံပိုင်အခန်းကဏ္ဏ ရင်းနှီးမြုပ်နှံမှု လျာထားချက်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်စန္ဒာအောင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကဏ္ဏအလိုက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)