တောင်တွင်းကြီး မေ ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေအိမ်များ၊ စျေးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လမ်း၊ တံတားများ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် ကျေးရွာများ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရန်၊ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးအတွက် တောင်တွင်းကြီး - မကွေးလမ်းပေါ်ရှိ စက်စက်ယိုချောင်း ကွန်ကရစ်လိုင်နင် ဆောင်ရွက်မည့်လုပ်ငန်းအား ယမန်နေ့ညနေ (၄)နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝမ်းက၂၀၂၄ -၂၀၂၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့အဝင် စက်စက်ယိုရေစီးချောင်းအား တောင်တွင်းကြီးမြို့ ရေဦးကျွန်းတော တံတားမှ အထက်ဘက် အလျားပေ (၃၀၀၀) သဲနုန်းတူးဖော်ခြင်း၊ မူလလက်ရှိ စက်စက်ယိုချောင်း အုန်းတောရေလွဲဆည်အထက် အလျားပေ (၁၀၀၀၀) သဲနုန်းတူးဖော်ခြင်း၊ အုန်းတောရေလွဲဆည်မှ အောက်ဖက်အလျားပေ (၁၂၀၀၀)သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် ထိပ်ဝအကျယ် ပေ (၆၀)၊ အောက်ခြေအကျယ်ပေ (၄၀)၊ အမြင့် (၁၀)ပေရှိသည့် စက်စက်ယိုချောင်း ကွန်ကရစ်လိုင်နင်တည်ဆောက်ခြင်းလုပ်ငန်း အလျားပေ(၁၅၅၀) ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် အလျားပေ(၈၅၀၀)နှင့် ပတ်သက်၍ တင်ပြခဲ့ပြီး တင်ပြလာမှုအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကွန်ကရစ်လိုင်နင်တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်များအား လမ်းညွှန်မှာကြားခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)