အုတ်တွင်းမြို့နယ်၌ သမဝါယမကဏ္ဍ အစီအစဥ်ဖြင့်သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက် သီးနှံမြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သမဝါယမကဏ္ဍ အစီအစဥ်ဖြင့် သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။