အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက အခြေခံမော်တော်ဆိုင်ကယ်ထိန်းသိမ်းပြုပြင်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မန္တလေး ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် အခြေခံမော်တော်ဆိုင်ငယ်ထိန်းသိမ်းပြုပြင်မှု နည်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ ဇွန်လ ၄ရက်နေ့၊ မွန်းလွဲ နှစ်နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့  တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇာနည်မောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်စောလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေကြည်ဦး၊ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ ကျောင်းအုပ် ဦးစီးအရာရှိ ဦးစိုးနောင်နောင်ထွန်း၊ အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုညွှန့်ကြားရေးမှုး ဦးနေမျိုးအောင်၊ သင်တန်းနည်းပြဆရာ ဦးဇင်မင်းနှင့် သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့်သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌကိုယ်စား၊ ကော်မတီ အတွင်းရေးမှူးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးက သင်တန်းနှင့်ပက်သတ်သည်များ ရှင်းလင်းပြောကြားကာ သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။ အဆိုပါ အခြေခံမော်တော်ဆိုင်ငယ်ထိန်းသိမ်းပြုပြင်မှု နည်ပညာသင်တန်းသည် သင်တန်းကာလ ၁၀ ရက်ဖြစ်ပြီး သင်တန်းသား ၂၀ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)