ထီးချိုင့် ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့သို့ ယမန်နေ့နံနက် (၉)နာရီအချိန်က ပြန်လည်ဝင်ရောက်လာသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုလျက်ရှိကြောင်းသိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဇော်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်း၊ မြို့နယ်လဝကဦးစီးမှူးဦးကျော်ဉာဏ်ဟိန်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်မြသက်မာ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်ဝါဝါခိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနိုင်ဦးနှင့် ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများသည် ဝိသာခါ ရပ်ကွက်၊ သရက်မှော်ရပ်နေ ပြည်သူများ ထီးချိုင့်မြို့သို့ ပြန်လည်ဝင်ရောက်လာမှုအပေါ် ဧရာဝတီတံတား (ထီးချိုင့်)မှ ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုခြင်း၊ ပြန်လည်ဝင်ရောက်လာသူများအား စာရင်းပြုစုခြင်း၊ သရက်မှော်ရှိ နေအိမ်များသို့ ပြန်လည်ဝင်ရောက်လာမှုအပေါ် လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)