မိုးညှင်း ဇွန် ၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်တွင် ကျရောက်မည့် (၅၃)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက တက္ကသိုလ်စာသင်ဆောင်၌ ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဟူသော ခေါင်းစဉ်ဖြင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၌ အငယ်တန်းတွင် (၁၄)ဦးနှင့် အကြီးတန်းတွင် (၆)ဦး စုစုပေါင်းပြိုင်ပွဲဝင် (၂၀)ဦးအား ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အဆိုပါပြိုင်ပွဲ၌ ဆုရရှိကြသူများကို ဇွန်လ(၅)ရက်တွင် ကျရောက်မည့် (၅၃)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်၊ ဒုတိယပါမောက္ခချုပ်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးသန်းဝင်းအောင်နှင့် ဝန်ထမ်းများ၊ သင်တန်းရေးရာဌာနမှူးတို့က ကျောင်းသား ကျောင်းသူများ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း