အုတ်တွင်းမြို့နယ်၌ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အုတ်တွင်း ဇွန်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (၁၃၈/၇) မိုင်အနီး၊ ဗောဓိကုန်း-ချင်းကုန်းကုန်ထုတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏ၀ါ‌အောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးလွင်သူနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အ.ထ.က‌ ဗောဓိကုန်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၅၀၀) ဦးတို့က ငုစပ်၊ ပိတောက်၊ ခရေပျိုးပင် (၁၀၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)