ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ဟားခါး ဇွန် ၄

ချင်းပြည်နယ် MSME အေဂျင်စီ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်း၌ ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်ကျင်းပပြုလုပ်သည်။

ချင်းပြည်နယ် MSME အေဂျင်စီနာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ချင်းပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ ချင်းပြည်နယ် MSME အေဂျင်စီအတွင်းရေးမှူး ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့က ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်အကိုင်အခွင့် အလမ်းများရရှိရေး၊ ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးကဏ္ဍများ၊ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေတိုးပွားလာရေး ဝဥ စိုက်ပျိုးရေး၊ မျိုးကောင်းသည့် ဝဥများစိုက်ပျိုးနိုင်ရေး၊ သင်တန်းများဖွင့်လှစ်ပို့ချပေးမည့် အစီအစဉ်များ၊ ငါးမွေးမြူရေး လုပ်ငန်းများအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နည်းပညာများကိုလည်းကောင်း၊ MSME လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းအလိုက်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပေးစေလိုသည့်အချက်များကို လည်းကောင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က  ဆွေးနွေးတင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)