အမြို့မြို့အနယ်နယ်သတင်းများ

ရတနာပုံတက္ကသိုလ် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

အမရပူရ​မြို့နယ်ရှိ ရတနာပုံတက္ကသိုလ် နေ့သင်တန်း၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း(ကျောင်းသားရေးရာဌာန)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာ၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာ၌ (၁၀၅) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစည်းခုံလမ်းနှင့်လမ်းမတော်လမ်းတို့၌ ရေစီးရေလာကောင်းမွန်ရေး မြေသားရေမြောင်းတူးဖော်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစည်းခုံလမ်းနှင့် လမ်းမတော်လမ်းတို့၌ ယမန်နေ့က ရေစီးရေလာကောင်းမွန်ရေးမြေသား ရေမြောင်းများ တူးဖော်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ (၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ စီတန်းလှည့်လည်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီမံမှုဖြင့် သိန်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်းတွင် စုရပ်ပြုလုပ်ကာ(၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ စီတန်းလှည့်လည်ပွဲကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် ဌာနဆိုင်ရာနှင့် ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြို့ရွာသန့်ရှင်းသာယာလှပစေရေး၊ ရောဂါပိုးမွှား ကင်းစင်စေရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာ၌ ဘက်စုံသုံးခန်းမ ဖွင့်လှစ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးအရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့များသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းငွေကျပ်(၁၅၀)သိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် (၈၅)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၂၀၀)သိန်းစုစုပေါင်းငွေကျပ်(၄၃၅)သိန်းနှင့် (အလျား ၄၀ ပေ၊ အနံ၂၀ပေ၊ အမြင့် ၁၂ပေ)တို့ဖြင့် ကျေးရွာကော်မတီမှ ဆောင်ရွက်သည့်(ရွှေအုန်းပင်) ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ခန်းမအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (င)ရပ်ကွက်၌ မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယနေ့နံနက် ၈ နာရီခွဲအချိန်က မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ ဌာနဆိုင်ရဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးကျောင်းများအား စုပေါင်းသန့်ရှင်းရေး ကာယဒါနလုပ်အားပေးပြုလုပ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီ၏ စီမံကွပ်ကဲမှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီက မြို့ပေါ်ရှိ ရတနာပုံဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၍ ကာယဒါန ကုသိုလ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖျာပုံမြို့၌ (၃၃)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို နိုဝင်ဘာလ ၁ ရက်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်း လှည့်လည်ဆောင်ရွက်ကြသည်။

မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည်  ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂) ရပ်ကွက်၊ ၅၅နှင့်၅၆ လမ်းကြား၊ မဟာဗန္ဓုလလမ်းရှိ New Day စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ