ညောင်ဦး မေ ၅
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သထုံပြည့်ရှင် မနူဟာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မနူဟာဘုရားကြီး၊ စိန်ဖူးတော်၊ ထီးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့်ရွှေပြည်အောင်ပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၅ ရက် နံနက် ၁၀ နာရီက မနုဟာဘုရားဂေါပက ရုံးခန်းတွင်ကျင်းပသည်။
အစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ထိုင်တော်မူဆင်းတုတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်နေမှုတို့ အားကြည့်ရှုစစ်ဆေးပြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်နိုင်ရေး နှင့်ရွှေပြည့်အောင်ပွဲကျင်းပနိုင်ရေး ပြောကြားသည်။ ထို့နောက် သံဃာ တော်(၁၀၈)ပါး ပင့်ဖိတ်ရေးနှင့် ဆွမ်းကပ်လှူရေး၊ အခမ်းအနားပြင်ဆင်ရေး၊ရွှေပြည့်အောင်ပွဲလာ ရပ်နီးရပ်ဝေးဧည့်သည်များ ဧည့်ခံကျွေးမွေးရေးတို့အား ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှူး ဦးစံထွေးမောင်က ရှင်းလင်းတင်ပြီး၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က စိန်ဖူးတော်၊ ထီးတော်နှင့်ငှက်မြတ်နားတော်တို့အား မြို့တွင်းလှည့်လည်အပူဇော်ခံနိုင်ရေးတို့အား ရှင်းလင်းတင်ပြပြီး ရွှေပြည့်အောင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း