မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရှိ နန်းအိမ်သူစာကြည့်တိုက်သို့ သုတ/ရသစာအုပ်စာစောင်များ လှူဒါန်း

ချမ်းမြသာစည်  မေ  ၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နန်းအိမ်သူ စာကြည့်တိုက်သို့ သုတ/ရသစာအုပ်စာစောင်များ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက တမ္ပဝတီရပ်ကွက်ရှိ နန်းအိမ်သူစာကြည့်တိုက်တွင် ဆောင်ရွက်သည်။

ဦးစွာ ​​​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ​ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ဒေသခံပြည်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့်အလေ့အထ ပိုမိုထွန်းကားလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် စာအုပ်စာစောင်များထိန်းသိမ်းပုံ၊ စနစ်တကျ ငှားရမ်းမှုပုံစံများကိုလည်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင် နန်းအိမ်သူစာကြည့်တိုက်ရှိ တာဝန်ခံစာကြည့်တိုက်မှူးအား သုတ၊ ရသစာအုပ်စာစောင် (၃၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)