ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

ရွှေဘို​ခရိုင်ရုံး Community Centre ခန်းမတွင် စာအုပ်လှူဒါန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်ရုံး Community Centre  ခန်းမတွင် ယမန်​နေ့နံနက် ၁၀ နာရီချိန်က ရွှေဘို​သွေးစာ​ပေ အနုပညာမဂ္ဂဇင်းစာအုပ်များ လှူဒါန်းပွဲ ကျင်းပခဲ့​ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “လူငယ်နှင့်ဇွဲ " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌  ကလေးငယ်များဉာဏစွမ်းရည် မြင့်မားစေရန် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးငယ်များ ဉာဏစွမ်းရည် မြင့်မားစေရန်အရုပ်ဆက်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဝမ်းစာစပါးဖူလုံမှုရှိရေးအတွက် တောင်သူများအား တွေ့ဆုံ၍စျေးနှုန်းချိုသာစွာဖြင့် ဓါတ်မြေသြဇာ ဖြန့်ဖြူးပေးခြင်းနှင့် အဆင့်မြင့်လယ်ယာမြေဖော်ထုတ်မည့်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ ဒေသဝမ်းစာစပါးဖူလုံမှုရှိစေရေးအတွက် ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုး ရေးနည်းပညာပြန့်ပွားရေးစင်တာတွင် ဩဂတ် ၁၉ ရက်နေ့က ကျင်းပသည့် စပါးစိုက်တောင်သူများအား တွေ့ဆုံ၍ စျေးနှုန်း ချိုသာစွာဖြင့် ဓါတ်မြေသြဇာ ဖြန့်ဖြူး ပေးခြင်းနှင့် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်မည့်တောင်သူများအား ထောက်ပံ့ငွေများပေး အပ်ပွဲသို့တက်ရောက်၍ တောင်သူများ၏ အခက်အခဲတင်ပြချက်များအား ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ်တွင်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဓာတ်ကြိုး လိုင်းများပေါ်ရှိသစ်ပင်၊ သစ်ကိုင်းများရှင်း လင်းခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ သွယ်တန်းထားသော လျှပ်စစ်ဓာတ်တိုင်နှင့် ဓာတ်ကြိုးလိုင်းများ ပေါ်တွင် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများခုတ်ထစ်ရှင်း လင်းခြင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မှအမှတ်(၇)ရပ်ကွက် ကျန်းစစ်သားလမ်းနှင့် မင်းတပ် လမ်း(11KV) အနော်ရထာဖီ ဒါဓာတ်အားလိုင်း ပေါ်ထိစပ်နေသော သစ်ပင်သစ်ကိုင်းများအား ယနေ့နံနက်၉နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့က မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်း ပေးကြသည်။

ငပလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေး လှည့်လည်နှိုးဆော်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌၊ ငပလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ငပလီမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ငပလီမြို့ပေါ်ရှိ မိဘပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့သည်။

ပုလောမြို့နယ် Community Centre ၌ ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျောင်းသား လူငယ်များအနေဖြင့် စာပေကိုချစ်မြတ်နိုးပြီး ပျော်ရွှင်ကျန်းမာသော လူငယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ပုလောမြို့နယ် Community Centre ၌ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ