ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေး

ငါန်းဇွန်   ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးရာတွင် ယမန်နေ့ နံနက်၉နာရီမှစ၍ မြို့မဇုံ၊ ခြင်္သေ့လက်ဇုံနှင့် ဂျိုဇုံတို့မှ စုစုပေါင်း (၉၆၅)ဦး ထိုးနှံပေးခဲ့ရာ ဩဂုတ် ၁၅ရက်နေ့မှ ၂၄ရက်နေ့အထိ ငါန်းဇွန်မြို့နယ်အတွင်း စုစုပေါင်း(၆၃၆၄)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ ထံမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)