ပုလောမြို့နယ် Community Centre ၌  ကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ ပျော်ရွှင်စေရန် ပြပွဲ/ပြိုင်ပွဲများ ဆောင်ရွက်ပေး

ပုလော  ဩဂုတ် ၂

ကျောင်းသား/သူများကို စာကြည့်တိုက်ကို ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုသူများ ဖြစ်လာစေရန် ရည်ရွယ်၍  ကျောင်းပိတ်ရက်အတွင်း ပြပွဲ/ ပြိုင်ပွဲများကို  ယမန်နေ့ နေ့လယ် ၁ နာရီက ပုလော မြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ပေးခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ကျောင်းသား/သူများ ကျောင်းအားလပ်ရက်၌ ကျောင်းစာအပြင် အသိပညာဗဟုသုတ တိုးပွားစေမည့် သုတ/ရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာ၍ စာကြည့်တိုက်ကို ရင်းနှီးကာ အသုံးပြုတတ်လာစေရန် သုတ/ရသ စာအုပ်စာစောင်များ ပြသခြင်း၊ မိမိတို့ ကြိုက်နှစ်သက်ရာ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုစေခြင်းနှင့် ကာယစွမ်းရည် ပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ချွေတာသုံးစွဲတတ်စေရန် အသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

ထိုသို့ ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မုန့်များ အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အေးအေးမော်