လယ်ဝေး သြဂုတ် ၂၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ယမန်နေ့မွန်းလွဲ (၁)နာရီက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပသည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာပေဗိမာန်စာမူဆုရ စာရေးဆရာမဒေါ်သက်သက်နွယ် (သက်သက်နွယ်/ရန်ကုန်တက္ကသိုလ်)တို့က လူငယ်များတွင်ပြည့်စုံရမည့် ဗလငါးတန်ဖြစ်သည့်ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလ စသည့်သိမှတ်ဖွယ်ရာများအား အပြန်အလှန်ဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးခဲ့သည့် လူငယ်နှင့်အနာဂတ် အသိပညာပေး Talk Show အပြည့်အစုံကို We Love Leiway Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)