ရေဖြူမြို့နယ်တွင် ကျောင်းသူကျောင်းသားများ စာဖတ်ရှိန်မြင့်မားရန် အ-မ-က ကညင်‌ကောက် (က)ရပ်ကွက်ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

ရေဖြူ ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ-မ-က ကညင်ကောက်ကျောင်းတွင် ကျောင်းသူကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးအတွက် ရေဖြူမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက အ-ထ-ကရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ-မ-က ကညင်ကောက်ကျောင်းမှ ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် သုတရသ စာအုပ်စာစောင်တို့ကို စုံလင်စွာ ခင်းကျင်းပြသပေးပြီး အသိပညာတိုးပွားရေးစာပေများကို စုပေါင်းဖတ်ရှုကြစေကာ ၎င်းတို့ အချိန်ယူဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို စနစ်တကျငှားရမ်းပေးခဲ့သည်။

အဆိုပါ နယ်လှည့်လုပ်ငန်းတွင် သုတ၊ ရသစာအုပ်တို့ကို ခင်းကျင်းပြသထားရာ အ-မ-ကကညင်‌ကောက်ကျောင်းမှ ကျောင်သူ/ကျောင်း သားများက စိတ်ပါ၀င်စားများကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခတ္တာ