ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများအား ဖိတ်ခေါ်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများပြုလုပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ဖိတ်ခေါ်၍ လူကုန်ကူးမှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီဆေးရောင်ချယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။