ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်ပို့ချ

ရမည်းသင်း  စက်တင်ဘာ  ၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)  ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက သတင်းရေးသား နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့်ဝန်ထမ်းများ ဘက်စုံအရည်အသွေးပြည်မီစေရန် အခြေခံသတင်းရေးသားခြင်းကို ရှင်းလင်းဆွေးနွေး ပြောကြား ပြီးဓာတ်ပုံကျွမ်းကျင်-၂ဦးဇော်ဝင်းအောင်မှ သတင်းအရင်းအမြစ်ကို အခြေခံ၍ သတင်းရေးသားနိုင်စေရန်နှင့် ထူးခြားဖြစ်စဉ်သတင်းရေးသာနည်းတို့ကို စာတွေ့၊ လက်တွေ့လုပ်ဆောင်မည့် အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပို့ချကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရမည်းသင်းခရိုင် ပြန်/ဆက်ရုံးဝန်ထမ်းသင်တန်းသား(၇)ဦးတို့ တက်ရောက် ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)