တပ်ကုန်း ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ဌာနလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန်နှင့် စာဖတ်သည့် အလေ့အထများဖြစ်ပေါ်စေရန် ဝန်ထမ်းစာဖတ်ဝိုင်းကို ယနေ့ညနေပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက “ဝန်ထမ်းကျင့်ဝတ်” စာအုပ်တွင် ပါရှိသည့် အခန်း (၁) ဝန်ထမ်းများလိုက်နာရမည့် တာဝန်များ၊ အခန်း(၂) ဝန်ထမ်းစည်းကမ်းများ၊ အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ လုပ်ငန်းခွင်အတွင်း ပြုမှုဆက်ဆံမှုဆိုင်ရာစည်းကမ်းများ၊ ပါတီနိုင်ငံရေးကင်းရှင်းရန် စည်းကမ်းအကြောင်းအရာများကို ဖတ်ကြားခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်