ညောင်တုန်း ဇွန် ၁၉
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက Community Center ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်ကပြိုင်ပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြား၍ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌက ပြိုင်ပွဲစည်းကမ်းများကိုပြောကြားပြီး စာစီစာကုံးပြိုင်ပွဲကို “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်စို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ မူးယစ်ဆေးကို ဆန့်ကျင်စို့၊ လူသားအရင်းအမြစ် မျိုးဆက်သစ်မူးယစ်မှန်သမျှတိုက်ဖျက်ပစ်” စသည့်ခေါင်းစဉ်ဖြင့်ကျင်းပရာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဇွန်လ ၂၄ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)