သင်္ဃန်းကျွန်း ဇွန် ၁၉
လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ ညနေ (၄) နာရီအချိန်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်နှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမ မေ(ရန်ကုန်)တို့မှ ယနေ့ လူငယ် လူရွယ်များသည် ကိုယ်ပိုင်ယဥ်ကျေးမှုအားသိရှိနားလည်လာပြီး တန်ဖိုးထားတတ်လာရန်လိုအပ်ကြောင်း၊ ယဉ်ကျေးမှုအား ထိမ်းသိမ်းစောင့်ရှောက်ခြင်းသည် တိုင်းပြည်၏ဂုဏ်ကိုမြှင့်တင်ရာရောက်ကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုများ မပျောက်ကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်းပြီး အသိပညာဗဟုသုတရဖွယ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)