ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာဗဟုသုတရရှိစေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မား စေရန် ရည်ရွယ်၍ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားထားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။