ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ချမ်းမြသာစည်မြို့နယ်၊ ပြည့်သူစာကြည့်တိုက်တွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား /သူလူငယ်များ စာပေနှင့်ထိတွေ့ရာမှ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ သွက်လက်ထက်မြက်သောသူလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စွမ််းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အ.ထ.က(ခွဲ) (၁၃) ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က (ခွဲ) (၁၃) ကျောင်းရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပရာ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစီးအရာရှိ ဦးတင်‌‌မောင်ဝင်းနှင့်၀န်ထမ်းများ၊ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့‌ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၂၆)အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာ ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ရရှိပြီး နိုင်ငံတော် အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ရေကြီးမြေပြိုမှုများဖြစ်ပွား

မိုးရာသီမိုးများကာလ၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ် မြို့တွင် ဩဂုတ်လ (၉) ရက်၊ ည (၇း၀၀) အချိန်ခန့်က နမ့်ပေါ်ချောင်းရေများ လျှံတက်၍ စွမ်စော်ရပ်ကွက်၊ လမ်းသွယ် (၇) အထိ ချောင်းရေများ လူနေအိမ်များအတွင်း ဝင်ရောက်ခဲ့ကာ နေအိမ်များအတွင်း၌ လူများပိတ်မိခဲ့ကြကြောင်းနှင့် ပန်ခမ်းချောင်းရေများလည်း ပန်းခမ်းကျေးရွာနှင့်တိန်းလုံကျေးရွာတို့တွင် လူနေအိမ်များအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများစာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)တွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ ကျင်းပသည်။

လယ်ဝေးမြို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများ ကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်များပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက စည်သာယာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှု ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show များ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့နှင့်ပူးပေါင်း၍ ဩဂုတ်လ ၉ ရက်နေ့၊ မွန်းလွဲ ၁၄ နာရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှု ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show များ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ