ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၈)နာရီအချိန်က လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အ.ထ.က (၃) တွင် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ အ.ထ.က (၃) တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉) နာရီ က အ.ထ.က (၃) နတ်သျှင်နောင်ခန်းမတွင် ပြုလုပ်သည်။

သရက်ချောင်းမြို့၊ (အ-မ-က)ပန်းတောမူလွန်ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-မ-က)ပန်းတောမူလွန်ကျောင်းတွင် ကျင်းပသည်။

မြေပုံမြို့၌ စာဖတ်ချိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ မြေပုံမြို့၌ စာဖတ်ချိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း (သဲတန်း)တွင် ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ လားရှိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre သို့ လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လှူဒါန်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ဇော်အေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၃၀ ရက်နေ့  မွန်းလွဲ ၃ နာရီ ၂၀ အချိန်တွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre Lashio)သို့ လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

နမ္မတူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပသည်။

ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ (၂၉) ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က တွံတီးကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့၌ သက်ကြီးရွယ်အိုအခွင့်အရေးနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သက်ကြီးရွယ်အို အခွင့်အရေးနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ