မိုင်းခတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။