မြေပုံမြို့၌ စာဖတ်ချိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး

မြေပုံ  စက်တင်ဘာ  ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ မြေပုံမြို့၌ စာဖတ်ချိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း (သဲတန်း)တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးရာတွင် မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရုံးဝန်ထမ်းများက ကျောင်းသား/သူများ အားလပ်ချိန်တွင် ကျောင်းစာများအပြင် ပြင်ပဗဟု သုတတိုးပွားရရှိစေရန်၊ စာအုပ်စာစောင်များကိုလေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ Mobile library စနစ်ဖြင့် အ.ထ.က(သဲတန်း)ကျောင်း၌ သုတ/ ရသ/ မြို့ပြ/ မဂ္ဂဇင်း/ ဂျာနယ် စသည့် စာအုပ်ပေါင်း(၄၅) အုပ် ငှားရမ်းပေးခဲ့သည်။

ယခုငှားရမ်းပေးခဲ့သည့် စာအုပ်စာစောင်များကို နှစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဝင်း