ဘားအံခရိုင်ရုံး Community Centre တွင် ခဲပန်းချီနှင့် ရေဆေးပန်းချီပြိုင်ပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံပန်းချီပညာကိုလေ့လာသင်ယူတက်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ ပဉ္စမအကြိမ်မြောက် နွေရာသီ အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သင်ခန်းစာ ဆန်းစစ်မှု ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။