ဘားအံခရိုင်ရုံး Community Centre တွင် ခဲပန်းချီနှင့် ရေဆေးပန်းချီပြိုင်ပွဲကျင်းပ

ဘားအံ ဧပြီ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံပန်းချီပညာကိုလေ့လာသင်ယူတက်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ ပဉ္စမအကြိမ်မြောက် နွေရာသီ အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သင်ခန်းစာ ဆန်းစစ်မှု ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းချီဆရာ ဦးသစ်မင်းက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားပြီးနောက် နွေရာသီအခြေခံပန်းချီသင်တန်းမှ သင်တန်းသား/သင်တန်းသူ (၂၆) ဦးက မိမိတို့စိတ်ကြိုက် ခဲပန်းချီ၊ ရေဆေးပန်းချီများဖြင့်ရှုခင်းပုံ၊ စိတ်ကြိုက်ခဲပန်းချီဖြင့် ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု (၁)၊ အထူးဆု(၂) ရရှိသူများအား  ဆုများပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်ရုံးမှသိရသည်။

ခရိုင် (ပြန်/ဆက်)