မိုင်းယောင်းမြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မိုင်းယောင်း ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးနှင့် တက်ရောက်လာသူများက စာရေးဆရာအောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ”စာအုပ်ကို အပြန်အလှန် ဖတ်ကြားခဲ့ကြသည်။

ထို့နောက် ဒုတိယဦးစီးမှူးက လူတိုင်းသည် ဘဝခရီးကို လျှောက်လှမ်းနေကြရာတွင် ရည်မှန်းချက်ပန်းတိုင်ရှိသင့်ကြောင်း၊ လောကကြီးတွင် အောင်မြင်သည့် အခွင့်အလမ်းများစွာရှိသည့်အတွက် ထိုအခွင့်အလမ်းများကို ရယူပိုင်ဆိုင်လိုသူသည် ရည်မှန်းချက်တစ်ခုထားပြီး မိမိရည်မှန်းချက်အတိုင်း ထိုအခွင့်အလမ်းများရှိရာသို့ အရောက်သွားရမည်၊ ရယူနိုင်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ဆွေးနွေးပြီး Woman Club အတွင်းရေးမှူး ဒေါ်နန်းလျှိုးရှဲန်မုန်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်၊ Book Club မှ ဒေါ်နန်းဘွန်းပန်တို့က မိမိတို့ဖတ်ရှုထားသည်များ၊ ရရှိလာသည့် အသိပညာဗဟုသုတ၊ စာပေဆိုင်ရာအသိအမြင်နှင့် အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။

စိုင်းအောင်ဇော်လင်း