သံတောင်ကြီးမြို့နယ်Community Centre ခန်းမတွင် ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး ဧပြီ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန် နေ့နေ့လယ်(၂)နာရီအချိန်က ကျောင်းသူ/ကျောင်းသားများအား ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် မိမိတို့၏ တိုင်းရင်းသားဘာသာစကားကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်း ရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထ များရှိစေရန် အတွက်ပြုလုပ်ပေးခြင်းဖြစ်ပြီးကျောင်းသူ/ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီး အရာရှိနော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ