နမ္မတူတွင် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ ဆောင်ရွက်

နမ္မတူ ဧပြီ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် မိုးကြိုးပစ်ခြင်းသည် မိုးကြိုကာလ ဧပြီလနှင့်မေလ၊ မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် များသောအားဖြင့် ဖြစ်ပေါ်လေ့ ရှိကြောင်း၊ မိမိတို့ဒေသ အနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင် ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားစဉ် အိမ်အပြင်တွင်ရှိနေလျှင် ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်ခြင်း ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရန်များ စသည့်အကြောင်းအရာများအား  အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရုံးရှေ့နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)