ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မြိုင်မြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရန်အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ကျိုင်းတောင်းမြို့ (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန် ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့က ပြသထားကြောင်း သိရသည်။

တုံတာမြို့ ရပ်ကွက်-၃၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ ယနေ့နံနက်(၈)နာရီတွင် ရပ်ကွက်-၃ နယ်လှည့်ဟောပြောပွဲနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာန (Community Centre) ခန်းမ၌ နံနက်(၉)ခွဲတွင် မူးယစ်ဆေးဝါးနံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မုန်တိုင်းဘေးအန္တရာယ် သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

သီပေါမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ မိုးလေဝသနနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိလိုက်နာနိုင်စေရန်၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုန်းကြမ်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ကြေညာထားသော ဆိုင်ကလုန်း မုန်တိုင်းနှင့်ပက်သက်၍ ဒေသခံပြည်သူလူထုများ သတိပြုရှောင်ရှားကြစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းမှ လူစည်ကား နေရာဖြစ်သည့် လမ်းဆုံများနှင့် စျေးများ အတွင်း၌ မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မြေပြိုဘေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၈)နာရီက ပြည်သူများအားအခမဲ့ ဖြန့်ဝေပေးခဲ့သည်။

နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြင့်တင်နိုင်ရန်အတွက် မေလ ၉ ရက်နေ့ နံနက်(၁၀)နာရီအချိန်က (Bool Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club)ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော ဘင်္ဂလားပင်လယ်အော် အခြေအနေနှင့် ပတ်သက်၍ အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဖြစ်နိုင်ခြေရှိ၍ မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့ ညနေပိုင်းက လူစည်ကားရာနေရာများသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ