ကုန်းကြမ်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကုန်းကြမ်း မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ကြေညာထားသော ဆိုင်ကလုန်း မုန်တိုင်းနှင့်ပက်သက်၍ ဒေသခံပြည်သူလူထုများ သတိပြုရှောင်ရှားကြစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းမှ  လူစည်ကား နေရာဖြစ်သည့် လမ်းဆုံများနှင့် စျေးများ အတွင်း၌ မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မြေပြိုဘေး အသိပညာပေး လက်ကမ်းစာစောင်များကို  ယမန်နေ့ နံနက်(၈)နာရီက ပြည်သူများအားအခမဲ့ ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်၌ လိုက်နာရမည့်အချက်များပါရှိပြီး ဒေသခံ ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာဆောင်ရွက်ကြစေရန်  အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကုန်းကြမ်းမြို့နယ်ရုံးနှင့် မော်ထိုက်မြို့ရုံးဝန်ထမ်းများက ကုန်းကြမ်းမြို့ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။

ဥမ္မာကျော် ၊ ဦးစီးအရာရှိ(ကုန်းကြမ်း ပြန်ဆက်)