ငဖဲ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မုန်တိုင်းဘေးအန္တရာယ် သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မုန်တိုင်းဘေးအန္တရာယ် သိကောင်းစရာ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ သိရှိနိုင်ရန်ရည်ရွယ်၍ မုန်တိုင်းဘေးအန္တရာယ်သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရ ခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး မိုးကြိုကာလဖြစ်သည့် ယခုကာလမှ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလ အတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိပြုနေ ထိုင်ကြရန်လိုအပ်ကြောင်း၊ လေဖိအားနည်းရပ်ဝန်းအခြေအနေဖြစ်ပေါ်မှု၊ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် မုန်တိုင်းဖြစ်ပေါ်ပြီး ချိန်တွင်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
မယု(ငဖဲ)