တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကရသူရိမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ဇန်နဝါရီလ ၁၃ ရက်က အခြေခံပညာအထက်တန်းကျောင်း၌ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၃ ရက်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မာရ်အောင်ဘုန်းတော်ကြီးသင်မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီက သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တတိယပိုင်းတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မြို့‌ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

သရက်ချောင်းမြို့နယ်၊ အိမ်ရှေ့ပြင်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အိမ်ရှေ့ပြင်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုကို ဇန်နဝါရီ ၁၁ ရက်နေ့က ထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ကျွန်းစုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး  ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အသီးသီး၌  မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပပြီးစီး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)တွင် ပါဝင်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ  သတ်မှတ်မဲရုံများအလိုက် နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် အေးချမ်းစွာလာရောက် ဆန္ဒမဲပေးခဲ့ကြပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ

တနင်္သာရီတိုင်းဒသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ သတ်မှတ်ထားသည့် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်၍မဲပေးလျက်ရှိကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်း ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ရပ်ကွက်/ကျေးရွာများရှိမဲရုံ(၁၅)ရုံ၌ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၆နာရီအချိန်က တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့ရာ ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲများလာ ရောက်ပေးလျက်ရှိသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး