ကော့သောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများထံသို့ (ဒုတိယအကြိမ်) ချေးငွေများ ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(မြစိမ်းရောင်စီမံကိန်း) သမဝါယမကဏ္ဍမှ ကော့သောင်းမြို့နယ်အတွင်း ရာဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများထံသို့ (ဒုတိယအကြိမ်) ချေးငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီခန့်က ကော့သောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။