ခမောက်ကြီးမြို့တွင် ရှေးဦးသူနာပြုစုခြင်း(အခြေခံသင်တန်း)ဖွင့်လှစ်

ခမောက်ကြီး ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကော့သောင်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့်အခြေပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်‌သော (၂/၂၀၂၄) အခြေခံရှေးဦးသူနာပြုစုခြင်း(အခြေခံသင်တန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့်ဌာနဆိုင်ရာများ၊ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ (အုပ်ချုပ်ရေး)အဖွဲ့မှ ခရိုင်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲဝင်များ၊ ခမောက်ကြီးမြို့မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အ.ထ.ကခမောက်ကြီးကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား‌၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး (၂/၂၀၂၄)အခြေခံရှေးဦးပြုစုခြင်းသင်တန်းအား ဩဂုတ်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး Grade-7နှင့် Grade-8မှ  ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

‌ခမောက်ကြီး(ပြန်/ဆက်)