သရက်ချောင်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်

သရက်ချောင်း ဩဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်‌ချဆေး တိုက်ကျွေးပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့မရဲစခန်း၌ ဆောင်‌ရွက်ပေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးဇော်လွင်ဦးဆောင်၍ ဆရာ/ဆရာမများက မြို့မရဲစခန်းသို့သွားရောက်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်‌ချဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်နှင့် မြို့မစခန်းမှူး သိန်းထိုက်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)