ကော့သောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများထံသို့ (ဒုတိယအကြိမ်) ချေးငွေများ ပေးအပ်

ကော့သောင်း ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(မြစိမ်းရောင်စီမံကိန်း) သမဝါယမကဏ္ဍမှ ကော့သောင်းမြို့နယ်အတွင်း ရာဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်‌နေသူများထံသို့ (ဒုတိယအကြိမ်) ချေး‌ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီခန့်က  ကော့သောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို ၊မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောာင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာမှတာဝန်ရှိသူများက ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ စိုင်ဒင်း(စံပြ)ကျေးရွာရှိ ရွှေဖြူသစ္စာရာ‌ဘာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသူ၊ အသင်းသားတောင်သူ(‌၁၉)ဦးထံသို့ ရာဘာစိုက်ပျိုးမှုဧကအလိုက် ရာဘာစိုက်ပျိုးချေးငွေကျပ်သန်း(၂၅၀)ကို အသင်းသူ၊ အသင်းသား တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက “တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရာဘာစိုက်ပျိုး‌ရေးလုပ်ငန်း ဆောင်ရွက်နေသည့်တောင်သူများ အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ပြီး ယခုကဲ့သို့ ချေးငွေများထုတ်ပေးခြင်းဖြစ်ပြီး စိုက်ပျိုးတောင်သူများအနေဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်းနှင့် ချေးငွေများအား သတ်မှတ်ထားသောနှုန်းထားများအလိုက် မပျက်မကွက်ပြန်လည်ဆပ်သွားရန် လိုအပ်ကြောင်း” လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)