ပလောက် နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့်လိုက်နာဆောင်ရွက်ရေး စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပလောက်မြို့၊ ဗဟိုလမ်းမကြီးနှင့် ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဆောင်ရွက်ရာတွင် ပလောက်နယ်မြေ မီးသတ်ဦးစီးဌာနမှ ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်ပါ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ချက်များ လိုက်လံနှိုးဆော်ခဲ့ကြသည်။ အသိပညာပေးနှိုးဆော်ချက်များတွင် စည်းကမ်းချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အသိပေးနှိုးဆော်ချက် (၁၀) ချက် ပါဝင်ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)