ရေဖြူ နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာနှင့် ကွမ်းသီးကို အများဆုံးစိုက်ပျိုးကြပြီး ရေဖြူမြို့နယ်မှ ထွက်ရှိသောကွမ်းသီးများကို ရေဖြူနှင့် ထားဝယ်ရှိ ပွဲရုံရှင်များက အဓိကဝယ်ယူကြကာ ရန်ကုန်နှင့် မန္တလေးမြို့များသို တင်ပို့ရောင်းချပြီး ရာသီစချိန်တွင်ပင် ဈေးကောင်းရရှိနေကြောင်း သိရသည်။
ကွမ်းသီးပင်များသည် မိုးများသည့်ဒေသနှင့် ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် ကွမ်းသီးပင်သီးသန့် သို့မဟုတ် ဥယျာဉ်ခြံမြေများ၏ကြားတွင် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုး၍ရပြီး မြေဧရိယာ တစ်ဧကတွင် အပင် ၆၀၀ အထိ စိုက်ပျိုးနိုင်သည်။ မြေဧကနည်းနည်းဖြင့် စိုက်ပျိုးရိတ် အကုန်အကျသက်သာသော နှစ်ရှည်ပင်မျိုးဖြစ်သည်။
ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ပုံမှန်ဝင်ငွေရရှိပြီး ယခင်နှစ်ရာသီအစတွင် ကွမ်းသီးအခြောက် တစ်ပိဿာကို ဒေသပေါက်ဈေးကျပ် ၂၀၀၀ မှ ၃၀၀၀ ကျော်အထိသာ ရရှိသော်လည်း ယခုနှစ်ရာသီစချိန်တွင် တစ်ပိဿာကို ကျပ် ၇၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်ကြား ဈေးကောင်းရရှိနေကြောင်း ခြံရှင်များထံက သိရသည်။
ခတ္တာ