ကျွန်းစုမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

ကျွန်းစု နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ကျွန်းစုမြို့၊ မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်စိုးမောင်က အဆိုပါကျောင်းနှင့် ရုံးအတွင်း၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပညာပေးပြောကြားခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များက ရေစိုအဝတ်ဖြင့် ဖုံးအုပ်၍ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊ ဂက်စ်အိုးစနစ်တကျအသုံးပြုနည်းတို့ကို ပညာပေးသရုပ်ပြခဲ့ကြပြီး မူလတန်းကြိုကျောင်းဆရာမများအား လက်တွေ့စမ်းသပ်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)