ခမောက်ကြီးမြို့တွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက အသက် ၅ နှစ်မှ ၇နှစ်အတွင်း ကလေးများအား ဆုံဆို့မေးခိုင်ကာကွယ် ဆေးထိုးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က အ.ထ.က ခမောက်ကြီးကျောင်းနှင့် မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။