ဘုတ်ပြင်း ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့နယ်ပေါ်ရပ်ကွက်များ၊ မြို့မဈေးလမ်းဆုံနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Sticker များ ကပ်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့အဝင်အထွက်ဂိတ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် ခရီးသွားလာနေသူများ၊ ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများတွင် မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်နိုင်သည့် 191 စာသားပါ Sticker ကပ်ခြင်းကို ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)