ကရသူရိ ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားလာပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး (191) စတေကာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကရသူရိမြို့ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူစည်ကားရာနေရာများ၊ ဈေးအရောင်းဆိုင်များ၊ လှေဆိပ်/ကားဂိတ်နှင့် ခရီးသွားလာပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်း၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များတွင် မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်နိုင်သည့် (191) စာသားပါ စတေကာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)