ခမောက်ကြီး ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက အသက် ၅ နှစ်မှ ၇ နှစ်အတွင်း ကလေးများအား ဆုံဆို့မေးခိုင်ကာကွယ် ဆေးထိုးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က အ.ထ.က ခမောက်ကြီးကျောင်းနှင့် မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးရာ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ ကျောင်းသူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးအား စနစ်တကျ ထိုးနှံပေး၍ အသက် ၅ နှစ်မှ ၇ နှစ်အတွင်း ကလေးများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံခဲ့ကြပြီး သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)